မင်းလှမြို့၌ ပြည်သူ့စစ်မှုထမ်းဥပ ဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

မင်းလှ မတ် ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီချန်က ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူများ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသူများ၊ စစ်မှုထမ်းရန်ကာလ၊ စစ်သင်တန်းတတ်ရောက်နေစဉ်နှင့် သင်တန်းဆင်းပြီး တာဝန်ထမ်းဆောင်ချိန်များတွင် လစာ၊ စရိတ်၊ ရိက္ခာနှင့် အခြားခံစားခွင့်များကို စစ်မှုထမ်းများအတိုင်း ခံစားခွင့်ရရှိမည့်အကြောင်း စသည့်ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို ဆွေနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးဇော်အောင်က နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲသို့ တတ်‌ရောက်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာပေါင်း (၆၆) အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၂၀၀) ဦးခန့်အား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပေါက်စ