မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မကွေး မတ် ၁

မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့တွင် မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အသင်းစုချုပ်ဥက္ကဋ္ဌ၊ သဘာပတိဦးစံကျော်ဝင်းမှ နှစ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မင်းမှ လမ်းညွှန်အမှာစကား ပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများမှ အမှုဆောင် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊ နှစ်ချုပ်စစ်ဆေးချက်အစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများအား ဖတ်ကြားရှင်းလင်းခဲ့ပြီး မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)