ကဝ မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ပြည်သူများအား လျင်မြန်ထိရောက်စွာ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက ကဝမြို့ဝန်ထမ်းအိမ်ယာ၌ ဆောင်ရွက်ခဲ့သည်။
သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်လှုပ်ခတ်ခြင်းကြောင့် မီးလောင်ကျွမ်းခြင်း၊ အဆောက်အဦးပြိုကျခြင်း၊ အထပ်မြင့် အဆောက်အဦးမှ ပိတ်မိလူများအား ကယ်ဆယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် မီးငြှိမ်းသတ်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်း၍ မီးသတ်ပိုက်များဖြင့် မီးငြိမ်းသတ်ခြင်း၊ အဆင့်မြင့်ကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ ကယ်ဆယ်ခြင်း၊ အထပ်မြင့်အဆောက်အဦးများတွင် ပိတ်မိနေသော လူများအားရှာဖွေကယ်ဆယ်ခြင်းများကို ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)