ရွှေကျင် မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က ပျဉ်းမပင်ရပ်ကွက်၊ မဟာပညာ့ဗိမာန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မို့မို့သွင် (ရုပ်သံကျွမ်းကျင်-၃) က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးအကြောင်းအရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သီသီဆိုင်က လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကလေးငယ်များက သိလိုသည့်မေးမြန်းချက်များကို မေးမြန်းကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မို့မို့သွင် (ရုပ်သံကျွမ်းကျင်-၃) နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သီသီဆိုင်တို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)