ငါးသိုင်းချောင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေ

ငါးသိုင်းချောင်း မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မြို့အတွင်းရှိ လမ်းသွားလမ်းပြည်သူများအား ယနေ့ နံနက်ပိုင်းအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များကို အခမဲ့လိုက်လံဖြန့်ဝေပေးကြ သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ် အောင်ဆန်း (၁၃-၇-၁၉၄၇) ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေး၌ ပြောကြားသော မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ဘာကြောင့်ပြည်သူ့ စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီ ရွှေ့ဆိုင်းနိုင်သူများ စသည့်တို့ကို အရောင်အသွေးစုံလင်စွာဖြင့် ဖော်ပြထားကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)