အောင်လံ မတ် ၁
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများ သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်း၏ ရည်ရွယ်ချက်၊ အမျိုးသားရေးတာဝန်၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်း၏အချက်များ၊ ဆင့်ခေါ်ရေးလုပ်ငန်းစဉ်ခံစားခွင့်များ၊ ကင်းလွတ်ခွင့်နှင့် ကာလရွှေ့ဆိုင်းမှုဆိုင်ရာစစ်ဆေးချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်နှင့် တာဝန်ထမ်းဆောင်ရန်ကာလ၊ ဥပဒေပါအဓိပ္ပာယ်ဖော်ပြချက်၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းမှ ကောက်နုတ်ချက် စသည့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာများနှင့်ပတ်သက်သော ကဗျာ၊ ဆောင်းပါး၊ ကာတွန်းများပါဝပြီး ပြည်သူများထံ အစောင်ရေ ၃၂၀ အား အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)