နတ်တလင်း မတ် ၁
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက နတ်တလင်းခရိုင်၊ နတ်တလင်းမြို့တွင် ဆေးရုံနှစ်ထပ်တိုးချဲ့ဆောင်တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံနှစ်ထပ်တိုး ချဲ့ဆောင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးရုံနှစ်ထပ်တိုးချဲ့ဆောင်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆၄၀ဖြင့် တည်ဆောက်ရေး (၁) အဆောက်အဦးအထူးအဖွဲ့ (၁) မှ တာဝန်ယူတည်ဆောက်ကာ ၁၀၀ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် တည်ဆောက်နေမှုမှာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)