ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်

ဒေးဒရဲ မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ယခုလွှဲပြောင်းပေးအပ်မည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဘိုးဘွားများလက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရ သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီမြင့်နှင့် တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ် ကျေးရွာအုပ်စုများအတွင်းရှိ အဘိုး (၂၉၃)ဦး၊ အဘွား(၄၉၂)ဦး၊ စုစုပေါင်း(၇၈၅)ဦးအတွက်  လူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင် သုံးလစာ (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ (၂၃၅၅၀၀၀၀)ကျပ်အား ကျေးရွာအုပ်စုတာဝန်ရှိ သူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း