စလင်းမြို့၊ ပေါင်းနားရပ်ကွက် မြွေရန်မြတ်စွာဘုရားအာရုံခံတန်ဆောင်းအတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

စလင်း  မတ်  ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပေါင်းနားရပ်ကွက် မြွေရန်မြတ်စွာဘုရားအာရုံခံတန်ဆောင်းအတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ  သိကောင်းစရာဆွေးနွေးပွဲကို  ယနေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း  ဥပဒေဆိုင်ရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ စလင်းမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရပ်မိရပ်ဖ ဦးစိန်လင်း၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး သန့်ဇင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်း၊ မြို့နယ် ဒုဥပဒေအရာရှိ  ဦးသက်လင်းဦးတို့မှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဥပဒေစတင်ပြဋ္ဌာန်းခဲ့သည့် ခုနှစ်များဖြစ်သည့် (၁၃-၇-၁၉၄၇)ခုနှစ်မှစတင်၍  ဗိုလ်ချုပ်အောင်ဆန်း  မြို့တော်ခန်းမကြီးတွင်  ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌  ပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်ဖြင့် ယခု ဤဥပဒေဆိုင်ရာများသည် ယခုနှစ်ယခုအချိန်မှစတင်ခဲ့ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခဲ့ပြီး စစ်မှုထမ်းရမည့်  အသက်အရွယ်မှာ အမျိုးသား အသက်(၁၈)နှစ်မှ (၃၅)နှစ်၊ အမျိုးသမီး အသက် (၁၈)နှစ်မှ (၂၇)နှစ်၊ ကျွမ်းကျင်အမျိုးသား အသက်(၁၈)နှစ်မှ (၄၅)နှစ်၊ ကျွမ်းကျင်အမျိုးသမီး အသက် (၁၈)နှစ်မှ (၃၅)နှစ်ဖြစ်ပြီး ကျွမ်းကျင်ဆိုသည်မှာ ဆရာဝန် အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းသူများကို ဆိုလိုကြောင်း သိရသည်။ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျခံရမည့်ပြစ်ဒဏ်များ၊ ဥပဒေပါပြဒါန်းချက်များနှင့် ပတ်သက်၍ နိုင်ငံသားတိုင်းအနေဖြင့် စိုးရိမ်စရာမလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့်  အကျိုးခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍  လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများအထင်အမြင်လွဲမှားစေရန်  ရည်ရွယ်ချက်အမျိုးမျိုးဖြင့်  ကောလဟာလသတင်းများ ပျံနှံလာမှုအပေါ်  ယုံကြည်မှုမရှိကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်  တက်ရောက်လာကြသည့် ပြည်သူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများ ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့သည်။ တက်ရောက်လာသည့် ပြည်သူများအား ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိ သိကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းနားရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် စာစီကျောင်းရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း