တောင်တွင်းကြီး မတ် ၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကြက်သွန်နီမျိုးပန်းများ အောင်မြင်ဖြစ်ထွန်း၍ ဆွတ်ခူးပြီးချိန် ပျိုးစေ့စျေးနှုန်းကောင်းရရန် မျှော်လင့်နေကြကြောင်း ကြက်သွန်မျိုးပန်းစိုက်တောင်သူများထံမှ သိရသည်။
ကြက်သွန်နီမျိုးစေ့များ ပျိုးထောင်ရာတွင် နတ်တော်လ၊ ပြာသိုလတို့တွင် ကြက်သွန်ဥကြီးများကို စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး ရက်(၂၀)အကြာတွင် ရိုးတံငယ်များထွက်ရှိလာကာ ထိုရိုးတံမှတစ်ဆင့် ပန်းပွင့်မျာ ဖူးပွင့်၍ ပန်းဝတ်မှုန်ကူးစက်ကာ တပေါင်းလ၊ တန်ခူးလတို့တွင် မျိုးစေ့အောင်သည့်အဆင့်ထိ ရောက်ရှိလာသည်။ ကြက်သွန်ပန်းပွင့်တစ်တိုင်လျှင် မျိုးစေ့မြောက်များစွာပါရှိကာ ကြက်သွန်ပန်းပွင့် ရင့်မှည့်ချိန်တွင် ပန်းပွင့်များကို ခူးယူ၍ နေလှန်းခြင်း၊ အစေ့ထုတ်ခြင်း၊ ပိုးမွှားများမဖြတ်ဆီးနိုင်ရန် သေချာစွာသိုလှောင်ထားခြင်းများပြုလုပ်၍ ရောင်းချချိန်ဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ကြက်သွန်မျိုးစေ့များ အရောင်းအဝယ်အဖြစ်များကာ ရောင်းချချိန် စျေးကောင်းရရှိရန်မျှော်လင့်နေကြကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)