ဖျာပုံမြို့နယ် ကွန်ဒိုင်းကျေးရွာတွင် ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ဖျာပုံ မတ်လ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကွန်ဒိုင်းကျေးရွာအုပ်စုတွင် အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါ​ကျေးရွာဘုန်းတော်ကြီးကျောင်း ဘုရားတန်​ဆောင်းတွင် ပြုလုပ်ပေးခဲ့သည်။
ထိုသို့ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဇော်လွင်က ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကွန်ဒိုင်းကျေးရွာအုပ်စုအတွင်းရှိ မြေပြင်အရောက် လူကျန်စာရင်း အကွက်အပေါက်များ ကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ ပြည်သူများ၊ အသက်(၁၀)နှစ်ပြည့်ပြီးသူနှင့်အသက် (၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ အိမ်ထောင်စုစာရင်းပျောက်ဆုံး၊ ပျက်စီးမှုများအား စိစစ်ပြီး၊ အသစ်ပြန်လည် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ဖျာပုံမြို့နယ်အနေဖြင့်၊ မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများသို့လည်း၊ နေ့ရက်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်​ပေးလျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှသိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင်(ပြန်/ဆကိ)