နာဂဒေသလေရှီးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲပြုလုပ်

လေရှီး မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌  ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆို ထောက်ခံပွဲပြုလုပ်ရာ မြို့မရပ်ကွက်၊ အ-မ-က ကျောင်းရှေ့၌  ယမန်နေ့ နံနက် ၈ နာရီအချိန် က စုရပ်ပြုလုပ်ပြီး နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် မြို့မ-အမကကျောင်းရှေ့မှ ဗိုလ်ချုပ်လမ်း အတိုင်း ငြိမ်းချမ်းစွာချီတက်ကာ ချီတက်လာရာလမ်း‌ကြောင်း တစ်လျှောက်ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထောက်ခံပါသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာသင်ကြစို့၊ တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ပြီး စစ်ပညာတတ်မြောက်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆို ထောက်ခံပါသည့်စသည့် စာသားပါဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း၊ ဒို့တာဝန်အရေး (၃)ပါးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံကြောင်း ကြွေး‌‌ကြော်ကာ ၉ နာရီ ၁၅ မိနစ်အချိန်တွင် အမှုထမ်းရပ်ကွက် မြို့တော်ခန်းမရှေ့အားကစားကွင်းအထိ ငြိမ်းချမ်းစွာ ချီတက်ခဲ့‌‌ ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)