ကြံခင်း မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း၊ (MCCT) ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကြံခင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုး/ဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်ဖြစ်သော (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုး/ဘွားများအား တစ်လလျှင် ငွေကျပ်(၁၀၀၀ဝိ/)နှုန်းဖြင့် သုံးလစာ(၃၀၀၀ဝိ/)နှုန်းဖြင့် သက်ကြီးဘိုး/ဘွား (၇၈၃)ဦးအတွက် ငွေကျပ်သိန်း(၂၃,၄၉၀,၀၀ဝိ/) အားလည်းကောင်း၊ (MCCT) ထောက်ပံ့ပေးခြင်းကို ၂၀၂၃-၂၀၂၄ ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လ၏ ဒုတိယအသုတ်အတွက် ကိုယ်ဝန်ဆောင်မိခင်(၉၁)ဦးနှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေး(၉၅)ဦး စုစုပေါင်း(၁၈၆)ဦးအတွက် ထောက်ပံ့ငွေ(၇,၁၄၀,၀၀ဝိ/)ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့်စာရေးများထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှုးဒေါ်သဉ္ဇာဝင်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှုးဦးသိန်းတန်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှုးဒေါ်သဉ္ဇာဝင်းနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)