သထုံ မတ် ၁
မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ အာစိဏ္ဏာရာမကျောင်းတွင် ပရိယတ္တိ သာသနာ့၀န်ဆောင် ဆရာတော်များ ဦးဆောင်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အာစိဏ္ဏာရာမ ပရိယတ္တိစာမေးပွဲအား ယခုနှစ်၌ (၈၈) ကြိမ်မြောက်အဖြစ် ကျင်းပလျက်ရှိရာ ယနေ့ တတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုရာတွင် အခြေပြုမူလတန်း (၃၄၉)ပါး၊ ပထမငယ်တန်း (၁၈၈) ပါး၊ ပထမလတ်တန်း (၆၉) ပါး၊ ပထမကြီးတန်း (၅၂) ပါး၊ ဓမ္မာစရိယတန်း (၄၀) ပါး စုစုပေါင်း ရဟန်း၊ ရှင်သာမဏေ၊ သီလရှင် (၆၉၈)ပါးတို့ ၀င်ရောက်ဖြေဆိုခဲ့ကြပြီး စာမေးပွဲကြီးကြပ်အဖွဲ့များ၊ ပရဟိတ ဘာသာရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ကူညီဆောင်ရွက် ပေးခဲ့ကြသည်။အဆိုပါ စာမေးပွဲကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ မတ်လ (၃) ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)