ဒိုက်ဦး မတ် ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ၀န်ကြီး ဒေါက်တာတင်ထွဋ်သည် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ခရိုင်/ မြို့နယ်စိုက်ကြပ်အဖွဲ့များ လိုက်ပါလျက် ဒိုးတန်းကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာ စနစ်တကျလယ်ယာတွင်တောင်သူ ဦးမောင်စိုး၏ လယ်မြေ ၁၂၅ ဧကအား နွေစပါး၊ (သုံးသီး) စိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးပြီးနောက် ရှမ်းစုကျေးရွာတွင် လုပ်ငန်းရှင် ဦးဇေယျာမင်း၏ Healthyfirst သဘာဝမြေဩဇာ ထုတ်လုပ်မှုလုပ်ငန်းခွင်သို့ သွားရောပ်ကြည့်ရှုအားပေးပြီး ပညာပေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးသည် ပျဉ်းမလွင်ကျေးရွာအုပ်စု ပျဉ်းမလွင်ကျေးရွာရှိ တောင်သူဦးမြင့်အောင်၏ လယ်မြေ ၁၀ ဧကအပါအဝင် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားရှိသော တစ်ဆက်တည်း ဧက၅၀၀ စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုအားပေးပြီး တောင်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)