ဆင်ပေါင်ဝဲ မတ် ၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ရတနာတော်ဝင်းထွန်းကုမ္ပဏီမှ စီစဥ်ကျင်းပသော လူသုံးကုန်ပစ္စည်းပြပွဲနှင့် ဆယ့်နှစ်ပွဲစျေးသည်များ စုပေါင်းစျေးရောင်းပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက စတင်၍ အမှတ်(၃) ရပ်ကွက်၊ မြို့ပတ်လမ်း၊ ဆုတောင်းပြည့်ဘုရားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် အင်္ကျီ၊ အဝတ်အထည်၊ ဦးထုပ်၊ ဖိနပ်စသည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ ကလေးကစားစရာ အရုပ်ပစ္စည်းအမျိုးမျိုးနှင့် လက်ဆောင်ပစ္စည်းအမျိုးမျိုး၊ စုစုပေါင်း ဆိုင်ခန်းပေါင်း (၈၀)ခန့်ဖြင့် ရောင်းချပေးလျက်ရှိပြီး၊ စျေးရောင်းပွဲတော် ပထမနေ့တွင် လာရောက်လည်ပတ်သူများဖြင့် စည်းကားပြီး စားသောက်ဆိုင်တန်းများ၊ အညာဒေသ ရိုးရာမုန့်မျိုးစုံဆိုင်တန်းများ၊ ကလေးကစားကွင်းများလည်းပါဝင်ကာ မိဘပြည်သူများအနေဖြင့် မည်သူမဆို လာရောက်ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရသည်။
အဆိုပါ စျေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၂၉ ရက်နေ့မှ မတ် ၉ ရက်နေ့အထိ နေ့စဥ် နံနက် (၉) နာရီမှ ည (၁၀) နာရီအထိ (၁၀) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)