တွံတေး မတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ဗျောက်ရိုးကျေးရွာအုပ်စု၊ ဗျောက်ရိုးကျေးရွာလမ်းအား ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ရာသီမရွေးသွာလာနိုင်သော ဂဝံလမ်းအား ယနေ့နံနက် ၇ နာရီမိနစ် ၃၀ အချိန်က အဆိုပါလမ်းမုခ်ဦးရှေ့၌ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်များမှဌာနဆိုင်ရာများတက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး(မြို့ပြ)ဦးသက်ဇော်က စီမံကိန်းနှင့်ပတ်သက်၍ပြောကြားရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏မူဝါဒအနေဖြင့် ကျေးလက်လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးတိုးတက်စေရေးနှင့် ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး ၈၀% နှင့် နိုင်ငံအတွင်းရှိကျေးလက်လူဦးရေ၏၉၀% အပေါ် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် နှစ်စဥ်အဆင့်မြင့်တင်ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ဖြင့် တွံတေးမြို့နယ်တွင်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ကွန်ကရစ်လမ်း (၆၇/၀.၈၆၄) မိုင်၊ ကတ္တရာလမ်း(၀/၄)မိုင်၊ ကျောက်လမ်း(၁၄/၃.၃၄၀၄)မိုင်၊ မြေသားလမ်း(၄၇/၀.၀၁)မိုင်၊ အခြား(၂/၀)မိုင်၊ ကွန်ကရစ်တံတား(၃၀)စင်း၊ Box Culvert (၅၀)စင်းဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင်လည်း ကွန်ကရစ်လမ်း (၁/၅.၄၇)မိုင်၊ ကွန်ကရစ်တံတား(၆)စင်း၊ Box Culvert (၃)စင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သောဗျောက်ရိုး-ဆိပ်တိုကားလမ်း ဂဝံလမ်းမှာ မူလကမြေသားလမ်းဖြစ်ပြီး ဂဝံလမ်းခင်းခြင်းလုပ်ငန်းကို အရှည်(၄၆၂၀)ပေ၊အကျယ်(၁၈)ပေ၊ ထု(၈)လက်မ ခွင့်ပြုရန်ပုံငွေ (၁၅၆.၀၈)သန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပြောကြာခဲ့သည်။ ဆက်လက်၍ ကျေးရွာရပ်မိရပ်ဖဖြစ်သူ ဦးချစ်ငွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက်ဗျောက်ရိုး- ဆိပ်တိုကားလမ်းဂဝံလမ်းဖွင့်ပွဲကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး(မြို့ပြ)ဦးသက်ဇော်၊ တွံတေးခရိုင်အုပ်ချုပ်ရေးမှူးဦးထင်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးသန့်စင်၊ ရပ်မိရပ်ဖဦးချစ်ငွေတို့က အဆိုပါဂဝံလမ်းဖွင့်ပွဲမုခ်ဦးရှေ့၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းနှင့်တာဝန်ရှိသူများက ဗျောက်ရိုး-ဆိပ်တိုကားလမ်းဂဝံလမ်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ ဝန်ကြီးဦးဇော်ဝင်းကအလယ်တန်းကျောင်းအတွက် ရန်ပုံငွေကျပ်(၅၀၀၀၀၀)၊ ကျေးလက်လမ်းဦးစီးဌာနမှ ငွေကျပ်(၃၀၀၀၀၀)တို့ကို တာဝန်ရှိကျောင်းအုပ်ဆရာမကြီးအား ပေးအပ်လှူဒါန်းခဲ့ကာ ဝန်ကြီးနှင့်တာဝန်ရှိသူများက ဗျောက်ရိုးကျေးရွာသစ္စာမဏ္ဍိုင် ဓမ္မရိပ်သာကျောင်းတိုက်ဆရာတော်အား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဗျောက်ရိုး-ဆိပ်တိုကားလမ်းဂဝံလမ်းဖွင့်လှစ်နိုင်သည့်အတွက် အကျိုးပြုကျေးရွာ(၂)ရွာ၊ အိမ်ခြေ(၂၁၉)အိမ်လူဦးရေ(၉၂၅)ဦး၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၂)ကျောင်း၊ ကျောင်းသား၊ ကျောင်းသူ(၃၄၅)ဦးတို့ကိုအကျိုးပြုသည့်အပြင် ကျေးလက်ထုတ်ကုန်များသက်သာစွာဖြင့် စျေးကွက်သို့ အမြန်ရောက်ရှိပြီး ကျေးလက်ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ယက်များအသုံးပြု၍ လွယ်ကူစွာသွားလာနိုင်တော့မည့်ဖြစ်ကြောင်းသိရသည်။
တွံတေးသား