ပန်းတနော် ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်ထိ ကျင်းပသွားမည်ဖြစ်ရာ ကျောင်းသား/သူ (၃၈၆၀) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ပြီး စာစစ်ဌာန(၁၃)ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြေဆိုမှုအတွက် စာစစ်ဌာန (၁၃) ခုဖြစ်သော အထက (၁)တွင် (၆၅၅)ဦး၊ အထက (၂)တွင် (၄၂၈) ဦး၊ အထက မအူချောင်းတွင် ၁၀၇ ဦး၊ အထက ဇရပ်လှကြီးတွင် (၂၉၇) ဦး၊ အ-ထ-က ရင်းတိုက်ကုန်းတွင် (၃၂၈) ဦး၊ အ-ထ-က ဒေါင့်ကြီးတွင်(၁၁၁) ဦး၊ အ-ထ-က ဓနော်တွင် (၁၀၈)ဦး၊ အထက ကျွန်းကြားတွင် (၂၃၈) ဦး၊ အထက ပြလင်မိမ္မပြေးတွင် (၃၉၄) ဦး၊ အထကချောင်း ကလေးတွင် (၂၃၃)ဦး၊ အထက မရမ်းတွင် (၃၄၃)ဦး၊ အထက ရွှေလှေတွင် (၁၉၈)ဦး၊ အထက အင်းမတွင် (၄၂၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၃၈၆၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရ သည်။
အေးချမ်းအောင်(ပန်းတနော်)