မုဒုံ ဖေဖော်ဝါရီ ၂၅
ကျန်းမာရေးဦးစီးဌာန၊ မုဒုံမြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ 2019 Novel Corona Virus အဆုတ်ရောင် ရောဂါကူးစက်ခြင်းနှင့် ပတ်သက်၍ ကာကွယ် တားဆီးရေး လုပ်ငန်းအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာန(ခွဲ)၊ စိုက်ကွက်အမှတ်(၃)တွင်ပြုလုပ်သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးကျော်ပိုင်ဦးနှင့် အဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခင်ဌေးရီနှင့် အဖွဲ့တို့က 2019 Novel Coronavirus အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ရောဂါ လက္ခဏာများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ကာကွယ်တားဆီးရေး လုပ်ငန်းများနှင့် ကျန်းမာရေး ပညာပေး သိကောင်းစရာများကိုပြောကြားသည်။
ထို့နောက် ဟောပြောပွဲတွင် ရော်ဘာအစေးလှီးခြံရှိ အလုပ်သမား ပြည်သူ(၉၀)ဦးခန့် တက်ရောက်ကြရာ သိရှိလိုသည်များကို မေးမြန်း၍ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ ကြောင်း သိရရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)