ကျိုက်မရော ဖေဖော်ဝါရီ ၂၅
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်၊ ကဒါကျေးရွာအုပ်စု ကြံတောကျေးရွာတွင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလည်းမှုဗဟိုဌာန(CCC)တို့ပူးပေါင်း၍ သစ်တောပြုန်းတီးမှုကာကွယ်ရေးထင်းသုံးစွဲမှု လျှော့ချရေး၊ ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးအတွက် ရည်ရွယ်၍ စွမ်းအားမြှင့်မီးဖိုများကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှတင်မောင်နှင့်ဝန်ထမ်းများက ကဒါကျေးရွာအုပ်စုကြံတောကျေးရွာအလက ကျောင်းရှေ့၌ သွားရောက်ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ကျေးရွာစိုက်ပျိုးရေးတာဝန်ခံများကမီးဖိုကိုင်တွယ်အသုံးပြုပုံများအားအသေးစိတ်ရှင်း လင်းပြသပေးခဲ့ကြသည်။ အဆိုပါစွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးရေး စီမံကိန်းတွင် ကျိုက်မရော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာအုပ်စု ( ၆) အုပ်စုမှကျေးရွာ (၆)ရွာအားစွမ်းအားမြှင့် မီးဖို(၄၃၁) လုံးကို ဖေဖော်ဝါရီလ တတိယအပတ်အတွင်းဒုတိယအကြိမ် ထမ်မံဖြန့်ဖြူးပေး နိုင်ခဲ့ကြောင်းစိုက်ပျိုးရေး ဦးစီးမှူးဦးလှတင်မောင်ထံမှသိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)