ဆွမ်ပရာဘွမ်မြို့နယ်၌ ကျန်းမာရေးအထောက်အကူပြု စေတနာ့ဝန်ထမ်း မွမ်းမံသင်တန်း (VolunteerRefresher Training) ဆင်းပွဲကျင်းပ

ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကျန်းမာရေးဌာနနှင့်  Health Poverty  Action(HPA)အဖွဲ့ပူးပေါင်း၍ ကျန်းမာရေးအထောက်အကူပြု စေတနာ့ဝန်ထမ်း မွမ်းမံသင်တန်း (Volunteer Refresher Training) ဆင်းပွဲကို  မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ဂျေလုဂျာက သင်တန်းသားများအား            ကျန်းမာရေးအထောက်အကူပြု စေတနာ့ဝန်ထမ်း မွမ်းမံ (Volunteer Refresher Training) သင်တန်းတွင် ပို့ချလိုက်သည့် ကျား/မရေးရာ ထည့်သွင်းစဉ်းစားခြင်း နှင့်ကျား/မအခြေပြု အကြမ်းဖက်မှုများအကြောင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် စော်ကားမှုများအား ကာကွယ်ခြင်း၊ မသန်စွမ်းမှုကို ထည့်သွင်းစဉ်းစားခြင်း၊ သဘာဝဘေးအန္တရာယ် လျှော့ချရေး အရေးပေါ် ပြင်ဆင်တုံ့ပြန်ဆောင်ရွက်ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊ ပဠိပက္ခကို ထည့်သွင်းစဉ်းစားခြင်း၊ နမိုးနီးယားနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအား ဆန်းစစ်ကုသခြင်း၊ အိမ်တိုင်ရာရောက် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်း၊ (၂)နှစ်အောက်ကလေး အစာကျွေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း ၊ အာဟာရဆိုင်ရာ အကြောင်းအရာများနှင့် သားဆက်ခြားခြင်းစသည့် ကျန်းမာရေးအထောက်အကူပြု အကြောင်းအရာများကို စာတွေ့/လက်တွေ့ပို့ချခဲ့ပြီးဖြစ်၍ မိမိရပ်ရွာကျန်းမာရေး အသိပညာတိုးတက်စေရေးအတွက် အမှန်တကယ် အသုံးချကြရန် မှာကြားသည်။

အဆိုပါသင်တန်းကို  ဇန်နဝါရီလ ၂၅ရက်မှ ၃၁ရက်နေ့အထိ သင်တန်းကာလ (၇)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ (၁၀)ဦးတက် ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)