ကြည့်မြင်တိုင် ဒီဇင်ဘာ ၂၁
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂ဝ၂၃ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်း ဒေသကြီးနယ်မြေ၊ ခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက် ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ပထမနေ့အဖြစ် ယမန်နေ့နံနက် ၁၀ နာရီမှ မွန်းလွဲ ၃နာရီအထိ အ.ထ.က(၃) ကြည့်မြင်တိုင်၊ စကားဖြူခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြည့်မြင်တိုင်မြို့နယ်မှ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ကြည့်မြင်တိုင် မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁) ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ (၂၈၅)ဦး၊ စုစုပေါင်းမဲဆန္ဒရှင် ပြည်သူ (၅၀၇)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ရှင်းလင်းပြသ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခိုင်ဇာလင်း( ပြန်/ဆက်)