အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြည့်ရှု အားပေး

ဖြူး ဒီဇင်ဘာ ၂၁

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများအား လက်လှမ်းမီရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်  တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကုသရေးဦးစီးဌာန၊ ခုတင်(၁၀၀)ဆံ့ဆေးရုံတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က စတင်ဆောင်ရွက်ပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှု​ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ လစာလာထုတ်ချိန်တိုက်၍ မြို့နယ်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်မိုး၊ ဆရာဝန်၊ ဆရာမများက လူနာဟောင်း (၄၄)ဦးအပါအဝင် လူနာသစ်(၁၃)ဦး စုစုပေါင်း (၅၇)ဦးအား ကျန်းမာရေးစစ်ဆေးခြင်း၊ အခြေခံရောဂါရှာဖွေစမ်းသပ်ပေးခြင်း၊ ကုသပေးခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြသည်။ အဓိက ကျန်းမာရေးစောင့်ရှောက်ပေးရသည့် ရောဂါများမှာ ဆီးချို၊ သွေးတိုး၊ အဆုတ်ရောင်၊ အာရုံကြောအားနည်း၊ မျက်စိအားနည်းရောဂါများဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)