ကျိုက်ထိုမြို့နယ်၌ ရာသီပေါ် မုန်လာပင်စိုက် တောင်သူများ အပိုဝင်ငွေရရှိ

ကျိုက်ထို ဒီဇင်ဘာ ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရာသီပေါ်မုန်လာပင်စိုက်တောင်သူများ အပိုဝင်‌ငွေရရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ မုန်လာပင်စိုက်တောင်သူများသည် ရာသီအလိုက် သီးပင်၊ စားပင်များအား စားသုံးသူများ ဘေးအန္တရာယ် မဖြစ်‌စေရန် သဘာဝမြေဩဇာ အသုံးပြု၍ စိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ မုန်လာပင်များကို ‌နိုဝင်ဘာလတွင် ပျိုးထောင်၍ (၁၅)ရက်သား ပြည့်လျှင် သဘာဝမြေဩဇာနှင့်အတူ ပိုးမွှားများ မကျရောက်စေရန် မြေခံဆေးရောထည့်ပြီး (၃)ရက်ကြာ ထားရှိ၍ ရှင်သန်သည့် ပျိုးပင်များအား ရွေးထုတ်ကာ ရောင်းတမ်းဝင် မုန်လာပင်အဖြစ် (၂)လကြာ စိုက်ပျိုးရောင်းချရကြောင်း ယင်းသို့ရောင်းရာတွင် အပင်များ စည်းနှောင်ပြီး တစ်စည်းလျင် (၇၀)ကျပ်နှုန်းဖြင့် ရောင်းချရသည့်အတွက် တစ်နေ့ဝင်ငွေ (၇၀၀၀)ကျပ်ထိ ရရှိ၍ မိသားစုအတွက် အပိုဝင်ငွေရရှိပါကြောင်း တောင်သူ ဒေါ်သန္တာ၏ ပြောကြားချက်အရ သိရသည်။

ဝင်းမောင်(ကျိုက်ထို)