တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဥ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး ဒီဇင်ဘာ ၂၁    

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု့ဦးစီးဌာနမှ တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဥ်(/၂၀၂၃)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်သောင်းထိုက်က သဘာဝဘေးအန္တရာယ်များကို မဖြစ်အောင်တားဆီးလို့မရပေမဲ့လည်း ဘေးဒဏ်ကို တုံ့ပြန်နိုင်စွမ်းရှိစေရေး၊ ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းဖွဲ့စည်းထားသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအလိုက် ချမှတ်ထားသောလုပ်ငန်း တာဝန်များကို အလေးအနက်ထားဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယနေ့ဖွင့်လှစ်သည့်သင်တန်းမှာလည်း သင်တန်းတက်ရောက်သူများအနေဖြင့် သင်တန်းမှပို့ချဆွေးနွေးမည့်အကြောင်းအရာများကို စိတ်ဝင်တစားလေ့လာ မှတ်သားပြီး ဘေးအန္တရာယ်များကို အလျင်အမြန်တုံ့ပြန်နိုင်ရေးအတွက် အချင်းချင်းချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း အမှာစကားပြောကြားသည်။      

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက သဘာဝဘေးအန္တရာယ်ဖြစ်စဥ်များနှင့် ပတ်သက်၍ Video Clip ပြသမှုအား ကြည့်ရှုကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။ 

အဆိုပါ တိုင်းဒေသကြီးအဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဥ် (/၂၀၂၃)အား ဒီဇင်ဘာ လ(၂၁)ရက်နေ့မှ(၂၈)ရက်နေ့အထိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရအသီးသီးမှ သင်တန်းသား/သူ(၅၀)ဦး တက်ရောက်ကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဝေါဟာရများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအယူအဆနှင့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစက်ဝန်း၊ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်များအကြောင်း၊ ရာသီဥတုနှင့်ပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများ၊ ထိခိုက်ခံရမှု၊ ထိတွေ့နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေတို့၏သက်ရောက်မှု၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများနှင့် ဖွဲ့စည်းဆောင်ရွက်မှုများ၊ ကြိုတင်ကာကွယ်ရေးနှင့်ဘေးအန္တရာယ် လျော့ပါးသက်သာစေရေး နည်းလမ်းများ၊ ဘေးအန္တရာယ်နှင့်ဖွံ့ဖြိုးရေးတို့ဆက်စပ်နေမှုနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေကို ထည့်သွင်းရေးဆွဲခြင်း၊ ကြိုတင်သတိပေးချက်စနစ်ကို ခြုံငုံလေ့လာခြင်း၊ အသိပညာပေးခြင်း၊ ရပ်ရွာလူထုအခြေခံသော ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ပါဝင်ပတ်သက်သူများပူးပေါင်းဆောင်ရွက်မှု၊ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး၊ ကယ်ဆယ်ရေးနှင့်ပစ္စည်းဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုခြင်း၊ သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေအတွင်းပြည်သူ့ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ခြုံငုံလေ့လာခြင်း၊ ပြန်လည်တည်ဆောက်ရေး၊ စိတ်ပိုင်း၊ လူမှုပိုင်းဆိုင်ရာ ပြန်လည် ထူထောင်မှုပေးခြင်းစသည့် အကြောင်းအရာများကို သက်ဆိုင်ရာဌာနအသီးသီးမှ နည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)