ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် သာပေါင်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ကွမ်းခြံကုန်း) တိုးချဲ့ဆောင်ဆောက်လုပ်နေမှုအား မြို့နယ်ကြီးကြပ်မှုကော်မတီမှ ကြည့်ရှုစစ်ဆေး

သာပေါင်း ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငဝန်ကြို့ကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ကွမ်းခြံကုန်း) တိုးချဲ့ဆောင်ဆောက်လုပ်နေမှု အခြေအနေများအား ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်က လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အတွက်ရန်ပုံငွေ (၉၀၀)သိန်းမှ (၁၅၀)သိန်းဖြင့် ငဝန်ကြို့ကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ကွမ်းခြံကုန်း) တိုးချဲ့ဆောင် (၆၀’x၃၀’)ပေ ဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလပြီးစီးရေးတို့နှင့် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း