ကျိုက်မရော ဒီဇင်ဘာ ၂၁
ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ် (ခွဲ) ၌ နိုင်ငံဝန်ထမ်းအငြိမ်းစား (၇၀၀) ကျော်၏ ပင်စင်လစာငွေများကို လစဥ် ၂၁ ရက်နေ့တိုင်း ပုံမှန်အတိုင်းထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှစ၍ အေးချမ်းစွာထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် အသက်အရွယ်အလိုက် အုပ်စုများသတ်မှတ်၍ ကျန်းမာရေးမကောင်းသည့် အသက်ကြီးရွယ်အိုများအား အချိန်တိုအတွင်း ပင်စင်လစာ ရရှိစေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲ ဝန်ထမ်းများက စနစ်တကျ ကူညီဆောင်ရွက်ပေးနေပြီး လူကိုယ်တိုင် မလာနိုင်သည့်သူများအတွက်လည်း သက်ဆိုင်သူမိသားစုများမှ ကိုယ်စားလှယ်လွှဲစာဖြင့် လာရောက်ထုတ်ယူနိုင်ပြီး ပင်စင်လစာများအား လစဥ် ၂၁ ရက်နေ့မှ လကုန်ရက်အထိ နေ့စဥ် နံနက် ၈ နာရီမှ ညနေ (၃:၀၀) နာရီ အထိ ဘဏ်ဖွင့်ရက်များအတွင်း စနစ်တကျ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားဝန်ထမ်းများက အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း မြန်မာ့စီးပွား ရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မာမာလွင်ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)