ကြံခင်း ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက (အ ထ က-၂)ကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (အ.ထ.က-၂)ကျောင်းအုပ်ဆရာမကြီးဒေါ်နွဲ့နွဲ့ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/သူများ အထိမ်းအမှတ်နေ့များကို မမေ့မလျော့သိရှိစေရန် ယခုလိုဟောပြောပွဲများနှင့် နှုတ်မှုစွမ်းရည်ထက်မြက်စေရန် ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပေးခြင်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး အထက်တန်း(ပြ)ဆရာမဒေါ်နှင်းချယ်ရီဖြိုး(ကဗျာဆရာမ)နှင်းချယ်ရီ(ကြံခင်း)က လွတ်လပ်ရေးနေ့သမိုင်းကြောင်းအား အသိပညာပေးဟောပြောပြီးနောက် “လွတ်လပ်ရေးနေ့ ဒို့မမေ့”ခေါင်းစဉ်ဖြင့် ကျောင်းတွင်းကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရာ ကျောင်းသား/သူ(၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမဆုရသူအား မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲသို့ (အ.ထ.က-၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်နွဲ့နွဲ့ဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၁၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)