သံဖြူဇရပ်မြို့၌   အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ စတင်ထုတ်ပေး

သံဖြူဇရပ်   ဒီဇင်ဘာ ၂၁

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ယနေ့နံနက်ပိုင်းမှ စတင်ထုတ်ပေးလျက်ရှိပြီး နေ့စဥ် နံနက်၉ နာရီမှ မွန်းလွဲ၂ နာရီအထိ စတင်ထုတ်ပေးလျက်ရှိသည်။

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် လိုအပ်သည့် အထောက်အထားများဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက  ပင်စင်လစာထုတ်ယူရာတွင်အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ  တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် ထုတ်ပေးခြင်း၊ အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးကိုလည်းဆောင်ရွက်ပေးသည်။

သံဖြူဇရပ်မြို့နယ်တွင် အငြိမ်းစား ဦးရေ ၁၆၀၀ ခန့်ရှိပြီး တစ်နေ့လျှင် ၂၅၀ ဦးခန့် ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)