ကလေးဝ ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ပြည်သူ့အားကစားကွင်းကြီး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဝန်ထမ်းပေါင်းစုံ ဖူဆယ်ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲကို ကျင်းပြုလုပ်ခဲ့သည်။
(၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း (၈) သင်းပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲကို အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)