ပေါင်းတည် အ-ထ-က ခွဲ(ပေါက်တန်း)၌ လူငယ်စကားဝိုင်းကျင်းပ

ပေါင်းတည် ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်းခွဲ (ပေါက်တန်း)တွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် ကိုယ်စားအဖွဲ့ဝင်(၂) ဦးအေးကျော်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးသန်းဇော်ဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်​အေးဆုစံ၊ အ.ထ.ကခွဲ (ပေါက်တန်း) ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့်ကျောင်းသား၊ ကျောင်းသူများစုစုပေါင်းအင်အား ၁၅၀ ခန့်တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)က အဖွင့်အမှာစကားပြောကြားရာ၌ တစ်ဟုန်ထိုးတိုးတက်နေသော ယနေ့ခေတ်တွင် အနာဂတ်ခေါင်းဆောင်လူငယ်များအနေဖြင့် အသိပညာဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ ကျောင်းစာများသာမက ဗဟုသုတရရှိစေမည့် စာကောင်းပေမွန်များ ရှာဖွေလေ့လာဖတ်ရှုစေလိုကြောင်း၊ လူငယ်စကားဝိုင်းများ ပြုလုပ်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူးက လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးမှ နောင်အနာဂတ်ကို ဆက်လက်တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းတို့ကို အကျယ်တဝံ့ပြောကြားကြရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလွင် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးက လူငယ်စကားဝိုင်းများ ကျင်းပရခြင်းနှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ပြောကြားကာ လူငယ်စကားဝိုင်းကို စတင်ကျင်းပသည်။

ထိုစကားဝိုင်း၌ Grade-Grade11 မှ မောင်ကောင်းထက်ဇော်က လူငယ်တို့၏ ခေါင်းဆောင်မှုစိတ်ဓာတ်၊ Grade-11 မှ မအိဉ္ဇာဖြိုးက လူငယ်များအတွက် တွန်းအား၊ Grade-10 မှ မောင်အောင်ထက်ပိုင်က ယနေ့လူငယ်များနှင့်အချိန်၊ Grade-10 မှ မဇူးနန္ဒာကျော်က လူငယ်နှင့်စာနာမှုခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးကြသည်။ ထို့နောက် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုလွှာများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)