ဟင်္သာတ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံအဖွဲ့ဝင်များက အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းက ယခင်နှစ် ဆောင်ရွက်ခဲ့မှုနှင့် ယခုနှစ်ကျင်းပမည့် အစီအစဥ်များကို ဆွေးနွေးတင်ပြခဲ့ပြီး သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ အလိုက်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့ကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုတို့နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများက အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)