ပုသိမ်မြို့တွင် စာမတတ်သူပပျောက်ရေးအတွက် စာသင်ဝိုင်းများဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုများအား ကြီးကြပ်ရေးအဖွဲ့များက ကွင်းဆင်းကြည့်ရှု

ပုသိမ် ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စာမတတ်သူပပျောက်ရေးအတွက် စာသင်ဝိုင်းများဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုများအား ကြီးကြပ်ရေးအဖွဲ့များက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ပုသိမ်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စာမတတ်သူပပျောက်ရေးအတွက် စာသင်ဝိုင်း(၈၇) ဝိုင်းဖွင့်လှစ်၍ ဒီဇင်ဘာလ(၂၄)ရက်နေ့မှစတင်ကာ သင်ကြားပေးသွားမည်ဖြစ်ပြီး စာသင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်မည့်နေရာများတွင် စာသင်ကြားမည့်ဆရာ/မများနှင့် စာသင်သားများ၏ သင်ကြားမှုနှင့် သွားလာတည်းခိုနေထိုင်မှုအဆင်ပြေစေရေးအတွက် ကြီးကြပ်ရေးအဖွဲ့များက မိမိတို့ကြီးကြပ်ရမည့် ကျေးရွာများအလိုက် ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်ဟန် (ပြန်/ဆက်)