မော်လမြိုင် ဒီဇင်ဘာ ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျား/မရေးရာအမြင် ထည့်သွင်းစဉ်းစားမှု (Gender Mainstreaming) အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ကျား/မ တန်းတူညီမျှမှုအတွက် ချဉ်းကပ်နည်းများ၊ ကျား/မရေးရာ ထည့်သွင်းဆောင်ရွက်ခြင်း၏ ဆင့်ကဲဖြစ်စဉ်၊ ကျား/မရေးရာထည့်သွင်းဆောင်ရွက်ခြင်းအကြောင်း မဟာဗျူဟာများ အကြောင်းတို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို ကျား/မအမြင်များ သိရှိနားလည်စေရန်၊ တစ်နိုင်ငံလုံး ကျား/မ စစ်မှန်ပြီး တန်းတူညီမျှမှုရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)