ဓနုဖြူ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့ နံနက် ၈ နာရီအချိန်က အမှတ်(၁၈)ရပ်ကွက်၊ မီးပွိုင့်လမ်းဆုံ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက လမ်းသွားရင်းအမှိုက်မပစ်ချစေရေး၊ ယာဥ်များပေါ်မှ အမှိုက်မပစ်စေရေးနှင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)