သဲကုန်း ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေကျပ် (၉၉၃၂၀၀၀၀၀) သိန်းထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရှိရသည်။
သဲကုန်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ဆောင်းသီးနှံ စိုက်ပျိုးသူ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေအနေဖြင့် တစ်ဧကလျှင် (၁၀၀၀၀၀)နှုန်း ထုတ်ပေးလျက်ရှိပြီး၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကြေသူ၊ ပေးဆပ်သူ တောင်သူများကို ဦးစွာထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သဲကုန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၂ အုပ်စုသို့ ငွေကျပ် (၉၉၃၂၀၀၀၀၀) သိန်းကျပ်ကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာထံမှ သိရှိရသည်။
ကိုကျော် (ပြန်/ဆက်)