ပေါင်းတည်မြို့နယ်၌ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာသင်တန်းပို့ချ

ပေါင်းတည် ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနခန်းမဆောင်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်း ဖွင့်လှစ်ဆွေးနွေးပို့ချလျက်ရှိသည်။

ထိုသင်တန်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းချစ် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။ ပထမရက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ  သင်တန်းဆရာ (၃) ဦးမှ ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်း (၈၉) ဦး၊ ကုသရေးဝန်ထမ်း (၄)ဦး စုစုပေါင်း သင်တန်းသား (၉၃) ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြ ကြောင်း၊ ယင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဆက်လက်ဆွေးနွေးပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

သူရကြီး (ပေါင်းတည်)