ဟင်္သာတမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင်စက်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဟင်္သာတ ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင်စက်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးရုံးအစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းက ယခုသင်တန်းကို လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရန်၊ မိသားစုဝင်ငွေတိုးရန်နှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ တိုးပွားလာစေရန်၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်စသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းများနှင့်အညီ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)မှ ကျောင်းအုပ်ကြီး ဦးမင်းမင်းဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)မှ ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြများ၊ ခရိုင်နှင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသားများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဒီဇင်ဘာ ၁၉ ရက်နေ့မှ ဇန်နဝါရီ၁၇ ရက်နေ့အထိ ၁ လကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သွားမည်ပြီး မြို့နယ်အတွင်းမှ သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)