ဖြူး ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ချေးငွေများ ထုတ်ချေးပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက သာဓုကန်ကျေးရွာ၌ ချေးငွေထုတ်ချေးပေးနိုင်ခွင့်ရှိသည့် ချေးငွေအောင်မြင်သူများအား ချပြရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)မှ ချေးငွေများ ထုတ်ချေးပေးမှုအခြေအနေများ၊ စီမံကိန်းလက်စွဲစာစောင်ပါ လုပ်ငန်းစဉ်များနှင့် အကြောင်းအရာများ၊ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ခံစားခွင့်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မည့် အသင်းသား (၆၆)ဦးထံသို့ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် (၂၄၀)သိန်း ထုတ်ချေးပေးမည်ဖြစ်ရာ ကျေးရွာကော်မတီဝင်များက တက်ရောက်လာကြသည့် ကျေးရွာသူ/ကျေးရွာသားများအား ကန့်ကွက်မည့်သူ ရှိ/မရှိ ဆန္ဒရယူပြီး အသင်းသား/အသင်းသူများ၏ လက်ဝယ်အရောက် အချိန်မီထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်ထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)