ကြို့ပင်ကောက် ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြ သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက အဖွင့်အမှာစကား ပြောကြားရာတွင် အုပ်ချုပ်ရေးလုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်း များ၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပန်းတိုင်စိုက်ပျိုးသီးနှံ (၁၀)မျိုးအနက်မှ နွေစပါးနှင့် ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်းအထွက်နှုန်း တိုးတက်ရရှိအောင် ဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းအကောင် အထည်ဖော် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပိုမိုကြိုးပမ်းဆောင်ရွက်ကြ ရန်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဋ္ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေး ကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ ဍအလိုက် လမ်းညွှန်မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)