မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

မအူပင် ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီက ကျင်းပ ပြုလုပ်သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများအားဖတ်ပြရှင်းလင်းပြီး ဆရာဖေမြင့် ရေးသားထားသည့် အောင်မြင်မှုချမ်းသာသုခနှင့် ဓနဥစ္စာစာအုပ်မှ မိမိကိုယ်ကို စည်းကမ်းသတ်မှတ်ခြင်း ဆောင်းပါးအား ဝန်ထမ်းတစ်ဦးချင်းမှ ဖတ်ရှုဆွေးနွေးခဲ့ကြသည်။

မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဝန်ထမ်းစာဖတ်ဝိုင်းများနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ၊ အမျိုးသမီးများအသင်း (Woman Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ စာဖတ်ဝိုင်းများအား စဉ်ဆက်မပျက် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။      

အောင်မြင့်မြတ်(ပြန်/ဆက်)