နတ်တလင်းမြို့တွင် ဆောင်းသီးနှံစိုက်တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

နတ်တလင်း ဒီဇင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးသော တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေးများ ထုတ်ချေး ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျေးရွာအုပ်စု (၃)အုပ်စုမှ တောင်သူ ၂၅၈ ဦးအား ဆောင်းသီးနှံစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ် ချေငွေးများထုတ်ချေးပေးရာတွင် ယခင်နှစ်များမှ အချိန်စေ့ချေးငွေများ ပြန်လည်ပေးဆပ်သော တောင်သူများအား ဆောင်းသီးနှံ တစ်ဧကလျှင် ချေးငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ကြခတ်ဝါးရုံကျေးရွာအုပ်စု တောင်သူ (၅၃)ဦး၏ လယ်ဧက ၃၅၄ ဧကအတွက် ကျပ် ၃၅၄ သိန်း၊ ကျောက်ခွက်ကျေးရွာအုပ်စု တောင်သူ (၉၉)ဦး ၏   လယ်ဧက ၄၁၀ ဧကအတွက် ကျပ် ၄၁၀ သိန်း၊ အုတ်ဖိုစုကျေးရွာအုပ်စု တောင်သူ (၁၀၆)ဦး ၏ လယ်ဧက ၇၃၇ ဧကအတွက် ကျပ် ၇၃၇ သိန်း စုစုပေါင်းကျပ် ၁၅၀၁ သိန်း ထုတ်ချေး ပေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံစိုက်ရာသီတွင် နတ်တလင်းတစ်မြို့နယ်လုံးရှိ ကျေးရွာ အုပ်စု ၇၃ အုပ်စုမှ တောင်သူ ၉၅၀၀ ဦး၏ လျာထားလယ်ဧက ၆၀၀၀၀ ဧကအတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဒေါ်မြမြဆွေထံမှ သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)