အုတ်ဖို ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့မစျေးတွင် မီးသုံးစွဲမှုစနစ်တကျ ရှိစေရေး မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် စစ်ဆေးမှုများကို ယနေ့နံနက်ပိုင်း ဆောင်ရွက်ခဲ့ကြသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ၊ မီးသတ်တပ်ဖွဲ၊ မြို့နယ်လျှပ်စစ်မှူး၊ စျေးကော်မတီများက လျှပ်စစ်မီးသုံးစွဲရာတွင် စနစ်တကျရှိစေရေး၊ မီးဘေးအန္တရာယ် ကင်ရှင်းရေးနှင့် မီးလောင်လွယ်သည့် ကုန်ပစ္စည်းများ ထားသိုမှု စနစ်တကျရှိစေရေးတို့ကို သတိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)