သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

သဲကုန်း ဒီဇင်ဘာ ၁၉

ပဲခူး​တိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့က မြို့နယ်စာရေးဆရာအသင်း၊ (Book Club)အဖွဲ့ဝင်များ၊ (Women Club)အဖွဲ့ဝင်များ၊ စာ​ပေချစ်မြတ်နိုးသူဝါသနာရှင်များနှင့်ပူးပေါင်း၍ စာရေးဆရာကြီး ရွှေဥဒေါင်း ရေးသားထားသော "အဟာရနှင့်ကျန်းမာရေး" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာ​ဌေးက စာဖတ်ဝိုင်းကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၏ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း အကျိုးကျေးဇူးများကို ရှင်းလင်း​​ပြော​ကြားခဲ့သည်။ 

ထို့နောက် (Book club)အဖွဲ့ဝင် ဦးသန်းထွန်းက လူငယ်များ စာပေဝမ်းစာ​ဖြည့်ရာတွင် မိမိနှင့်သင့်တော်သည့် စာအုပ်စာပေများကို ဖတ်ရှုသင့်​​ကြောင်း၊ Book club အဖွဲ့ဝင်များမှ ​​​ပျော်ရွှင်​ခြင်းနှင့်ပတ်သက်သည့် မိမိတို့၏ခံစားချက်များကို အ​ပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။   

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ အသိပညာတိုးပွားစေရေး လစဉ်စာဖတ်ဝိုင်းများနှင့် စာပေချစ်​​မြတ်နိုးသူများအသင်း၊ Book club၊ Youth club များနှင့် စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိ​​ကြောင်း သိရသည်။

ကိုကျော်(ပြန်/ ဆက်)