ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေး

မောင်တော ဒီဇင်ဘာ ၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၁ နာရီအချိန်  မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း မတော်တဆ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကို စနစ်တကျ အသုံးပြုစေရေး၊ အမှိုက်သရိုက်များအား စနစ်တကျ စွန့်ပစ်ရေး၊ ဆေးလိပ်သောက်သုံးသူများဖြင့် ဆေးလိပ်ကို မီးမငြိမ်းသတ်ဘဲ  မစွန့်ပစ်စေရေး၊ လျှပ်စစ်မီးအသုံးပြုသူများအနေဖြင့် မိမိတို့ရုံးရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိရေး၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ရှေးဦးမီးသတ်ဆေးဘူးများ အသင့်ထားရှိရန် လိုအပ်ကြောင်း၊ ရှေးဦး မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်တတ်စေရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါကလည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်း သတင်းပေးပို့ချပါရန် ကွင်းဆင်းစစ်ဆေး အကြံပြု လမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်