နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ကျိုက်လတ်မြို့နယ်၊ Wilmar Myanmar ပေါင်းဆန်စက်ရုံသို့ လာရောက်ကြည့်ရှုစစ်ဆေး

ကျိုက်လတ် ဒီဇင်ဘာ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အဖွဲ့သည် ယနေ့မွန်းတည့်(၁၂)နာရီ (၁၅)မိနစ်က ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ကျိုက်လတ်-ဖျာပုံ ကားလမ်းမကြီးဘေးရှိ Wilmar Myanmar ပေါင်းဆန်စက်ရုံသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် Wilmar Myanmar ပေါင်းဆန်စက်ရုံ၏ စီနီယာ မန်နေဂျာ ဦးဇော်မင်းနှင့် ဦးစိုးထွန်းတို့က လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်သည်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သိရှိလိုသည်များ မေးမြန်း၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် Wilmar Myanmar ပေါင်းဆန်စက်ရုံအတွင်းရှိ လုပ်ငန်းဆောင်ရွက်ချက်များအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး  လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်