ဖျာပုံမြို့နယ် အ.လ.က(ဂျိုဝါကြံခင်း) ကျောင်းတွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာ​စောင်ပြသ

ဖျာပုံ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ဂျိုဝါကြံခင်းကျေးရွာ အ.လ.က (ဂျိုဝါကြံခင်း) ကျောင်းတွင် နယ်လှည့်ဟောပြောပွဲနှင့် အသိပညာ​ပေး နံရံကပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါ ကျောင်းခန်းမတွင် ပြုလုပ်ဆောင်ရွက်သည်။

အဆိုပါ အ.လ.က(ဂျိုဝါကြံခင်း) ကျောင်းတွင် နယ်လှည့်ဟောပြောပွဲ ပြုလုပ်ရာ၌ အ.လ.က (ဂျိုဝါကြံခင်း)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝေက အဖွင့်အမှာစကား ပြောကြားပြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က စာအုပ်စာပေ ဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းနှင့် လူငယ်အသိပညာပေး အကြောင်းအရာများ ဟောပြောပြီး၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်နှင်းနန္ဒာဦးက လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများနှင့် အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်အ​​ဖြစ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)