ဘိုကလေးမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးတွင် မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

ဘိုကလေး ဒီဇင်ဘာ ၁၈

ဌာနတွင်းမီးဘေးလုံခြုံရေးနှင့် မီးလောင်မှုဖြစ်ပွားပါက အလွယ်တကူငြှိမ်းသတ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးတွင် ယနေ့နံနက် (၁၀) နာရီ အချိန်၌ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။

သရုပ်ပြလေ့ကျင့် ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များက မီးသေးဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု နည်းလမ်းများအား သရုပ်ပြဆောင်ရွက်ခဲ့ပြီး မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဝန်ထမ်းများက လက်တွေ့ကျကျလေ့ကျင့် ငြိမ်းသတ်ခဲ့ကြကြောင်းနှင့် ယခုရက်ပိုင်းအတွင်း မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်တွင်း မီးဘေးလုံခြုံရေးအတွက် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်များ၊ လူငယ်သင်တန်းကျောင်းများသို့ ကွင်းဆင်း၍ မီးဘေးလုံခြုံရေး အသိပညာများ မျှဝေဆောင်ရွက်မှုတို့နှင့်အတူ မီးငြှိမ်းသတ်မှု နည်းလမ်းများကိုလည်း သရုပ်ပြလေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)