မြန်အောင် ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်ပြပွဲ တတိယနေ့ကို ယနေ့နံနက် ၉ နာရီမှစ၍ မြန်အောင်မြို့ပြည်သူ့ရင်ပြင်တွင် ဆက်လက်ပြသလျက် ရှိသည်။
အဆိုပါပြပွဲသို့ အ.ထ.က(၁) မြန်အောင်၊ အ.ထ.က(၂) မြန်အောင်မှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဆရာမများနှင့်ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ လာရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။
မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ မြို့နယ်များ၏ ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)ပြခန်း၊ သစ်တောဦးစီးဌာနပြခန်း၊ မြန်အောင်/ရွှေပြည်သာ ရေနံမြေပြခန်း၊ တိုင်းရင်းဆေးပြခန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန ပြခန်း၊ စပါး(၁) ဧက(၁၀) တင်းနှုန်း ပိုမိုထွက်ရှိရေး စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ ကျန်းမာရေးဦးစီးဌာန အခမဲ့ဆေးကုသခန်း၊ စက်မှုလယ်ယာဦးစီးဌာနပြခန်းနှင့်မြန်အောင် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံပြခန်းများ ပြသထားရှိကြောင်းသိရသည်။
မြန်အောင်(ပြန်/ဆက်)