သနပ်ပင်မြို့နယ် ကော့ပြတ်(မူလွန်)ကျောင်းတွင် အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

သနပ်ပင် ဒီဇင်ဘာ   ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်ဆေးကုသ‌ရေးဦးစီးတို့ ပူးပေါင်း၍ ကော့ပြတ်(မူလွန်)ကျောင်းတွင် ယနေ့ နံနက်(၁၁)နာရီ (၃၀)မိနစ်အချိန်က “အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်စေရန်၊ ရည်မှန်းချက်များထားရှိတတ်ကြစေရန်၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများအား အချိန်ပိုင်းအလိုက် နေ့စဉ်ပြုလုပ်လိုစေကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက်  ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်း‌‌ဆွေက ကျောင်းသားလူငယ်များအား လူငယ်လူရွယ်‌တွင် အားကစားနှင့်ပတ်သက်၍ အသိပညာ၊ အတတ်ပညာများ ငယ်ရွယ်စဥ်ထဲက လေ့လာသင့်ယူမှတ်သားသင့်ကြောင်း အသိပညာ‌ဟောပြောခဲ့ပြီး၊ အားကစားပစ္စည်းများအား ထေက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မြင့်က ကျောင်းသား၊ ကျောင်းသူများအား ရာသီအလိုက် ဖြစ်ပွားတတ်သော ချောင်းဆိုး၊ ရင်ကျပ်၊ အပူရှပ်ခြင်း၊  ကိုယ်လက်ထုံကျင်ကိုက်ခဲခြင်း၊ မူးဝေအော့အန်ခြင်း စသည့် ရောဂါများအား  တိုင်းရင်းဆေးဖြင့် ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

  လှမိုး(ပြန်/ဆက်)